
ဖွားမြင်တော်မူသောနေ့
၁၂၉၇-ခု (မြန်မာနှစ်)ဦးတန်ခူးလဆန်း(၁၅)
ဖွားမြင်ရာဇာတိရပ်ရွာ
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကတောကျေးရွာ၊ ရွာသစ်ရပ်။
ခမည်းတော်+မယ်တော်
ဦးသာထယ်၊ ဒေါ်ဖွားစော(တောင်သူလယ်သမား)။
ရှင်သာမဏေမြစ်ခြင်း
၁၃၀၉ခု (မြန်မာနှစ်)၊ ၁၉၄၇ခု (ခရစ်နှစ်)။
ဥမဇ္ဈာယ်ဆရာတော်
မြင်းခြံခရိုင်၊ ကတောရွာ၊ ဒက္ခဏာရာမ ကျောင်းတိုက်၊ ဆရာတော်ဦးဥတ္တရ။
စစ်ကိုင်းတောင်ရိုးသို့စာသင်ကြွ
၁၃၁၄ခု (မြန်မာနှစ်)၊ ၁၉၅၁ခု (၁၉၅၁) ခု(ခရစ်နှစ်)၌ တောရွာ၊ ဒက္ခိဏာရာမတိုက်မှ၊ စစ်ကိုင်းတောင်ရိုး ရတနာမာရ်အောင်ချောင်သို့ ပရိယတ္တိစာပေ သင်ယူရန်ကြွရောက်သည်။
ရဟန်းဖြစ်တော်မူခြင်းအကြောင်း
၁၃၁၆-ခု (မြန်မာနှစ်)ဝါဆိုလဆန်း(၄)ရက်၊ ၁၉၅၄-ခု(ခရစ်နှစ်)၊ ဇွန်လ-တနင်္ဂနွေနေ့ဿ၌
ရဟန်းဖြစ်တှောမူသည်။
ဥမဇ္ဈာယ်ဆရာတော်
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊(၆၈)
မန္တလေးမြို့သို့ ဗုဒဿဓပိဋကတ်စာပေသင်ယူရန်ကြွရော
၁၃၁၈-ခု(မြန်မာနှစ်)၊ ၁၉၅၆-ခု(ခရစ်နှစ်)မှ ၁၃၂၁-ခု(မြန်မာနှစ်)၁၉၅၉-ခု(
ပိဋကတ်စာပေပို့ချခြင်း
၁၃၂၁-ခု(မြန်မာနှစ်) ၁၉၅၉-ခု(ခရစ်နှစ်)မှ ၁၃၂၄-ခု(မြန်မာနှစ်)၁၉၆၂-ခု(
ပရိယတ္တိစာပေများ သင်ကြားပို့ချခဲ့သည်။
စစ်ကိုင်းကျစွာချောင်သို့ကြွရော
၁၃၂၄-ခု (မြန်မာနှစ်)ကဆုန်လ၊ ၁၉၆၂-ခု (ခရစ်နှစ်)မေလ၌ မနဿတလေးမြို့ မဟာဝိဇိတာရုံကျောင်းတိုက်မှ စစ်ကိုင်းတောင်ရိုးကျစွာချောင်
ဘာသန္တရစာပေများသင်ယူခြင်း
၁၃၂၄-ခု (မြန်မာနှစ်)၁၉၆၂-ခု (ခရစ်နှစ်)မှ ၁၃၂၉-ခု (မြန်မာနှစ်)၁၉၆၇-ခု (ခရစ်နှစ်) အထိကျစွာဆရာတှောဘုရားကြီး ဦးဝိဇယထံမှ သကဿကတ၊ ဘဂဿငလီ၊ နာဂရီ၊ နှင့်အင်္ဂလိပ် (ဘာသန္တရ)စာပေတို့ကိုသင်ယူ ဆည်းပူးတော်မူခဲ့သည်။
ကျောင်းးထိုင်ဆရာတော်ဖြစ်ခြင်း
၁၃၂၉-ခု(မြန်မာနှစ်) ပြာသိုလဆန်း(၄)ရက်၁၉၆၇-ခု(ခရစ်န
မဟာဝိဇယရံသီစာသင်တိုက် တည်ထောင်ခြင်း
၁၃၂၉ ခု (မြန်မာနှစ်)၊ ၁၉၆၇ ခု (ခရစ်နှစ်) ၌ ကျောင်းထိုင် ဆရာတော် ဖြစ်တော်မူသည့်နေ့မှစ၍ ကျစွာချောင်ကို မဟာဝိဇယရံသီ စာသင်တိုက်အဖြစ် တည်ထောင်ပြီး စာသင်သား ရဟန်း သာမဏေတို့အား ပရိယတ္တိ(ပါဠိ) ပိဋကတ်စာပေတို့ကို သင်ကြားပို့ချတော်မူခဲ့သည်။
ပဋိပတ်အကျင့်ကိုအားထုတ်ခြင်း
၁၃၄၃ ခု (မြန်မာနှစ်) ၁၉၇၂ ခု(ခရစ်နှစ်) ၌ ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာသို့ ကြွရောက်၍ မဟာစည်ဆရာတော်ဘုရားကြီ်းနှင့် ဆရာတော်ဦးပဏ္ဏိတာဘ၀ံသ တို့၏ ထံတော်၌ သတိပဋ္ဌာန်တရားတော်တို့ကို လက်တွေ့အားထုတ်ကျင့်ကြံတော်မူခဲ
မဟာအတုလရံသီ ဓမ္မရိပ်သာတည်ထောင်ခြင်း
၁၃၃၄ ခု (မြန်မာနှစ်) ။ ၁၉၇၂ ခု (ခရစ်နှစ်) မှစ၍ စစ်ကိုင်းတောင်ရိုး ကျစွာချောင်၌ မဟာအတုလရံသီဓမ္မရိပ်သာကို တည်ထောင်ပြီး ပြည်တွင်း၊ ပြည်ပမှ ရဟန်ရှင်လူ ယောဂီများအား သတိပဋ္ဌာန်းတရားတော်ကို လက်တွေ့ဟောကြားပြသ၍ ပဋိပတ္တိသာသနာ့ တာဝန်များကို ထမ်းဆောင်တော်မူခဲ့သည်။
မဟာစည်သာသနာ့ရိပ်သာကြီး ၌ နာယက၊ ကမ္မဋ္ဌာနစရိယ တာဝန်များ ဆောင်ရွက်တော် မူခြင်း
၁၃၄၅ ခု (မြန်မာနှစ်) ၊ ၁၉၈၄ ခု (ခရစ်နှစ်) မှ ၁၃၅၁ ခု (မြန်မာနှစ်) ၁၉၈၈ ခု (ခရစ်နှစ်) အထိ ရန်ကုန်- မဟာစည်သာသနာ့ရိပ်သာ၌ နာယက၊ ကမ္မဋ္ဌာနစရိယ အဖြစ်ဖြင့် ပြည်တွင်း/ ပြည်ပ ရဟန်း ရှင်လူ ယောဂီများအား သတိပဋ္ဌာန်တရားတော်များကို လက်တွေ့သင်ကြားပြသ၍ ပဋိပတ္တိသာသနာ့ တာဝန်များကို ထမ်းဆောင်တော်မူခဲ့သည်။
ပရိယတ္တိနှင့် ပဋိပတ္တိ သာသန့ာတာဝန်နှစ်ရပ် ထမ်းဆောင်ခြင်း
၁၃၅၀ ခု (မြန်မာနှစ်) ၁၉၈၈ ခု (ခရစ်နှစ်)မ ယခု အချိန်ထိ စစ်ကိုင်းတောင်ရိုး ကျစွာချောင် မဟာဝိဇယရံသီ စာသင်တိုက်နှင့် မဟာအတုလရံသီ ဓမ္မရိပ်သာတို့၌ စာသင်သား ရဟန်း သာမဏေများနှင့် ပြည်တွင်း၊ ပြည်ပ ရဟန်း ရှင်လူ ယောဂီ များအား သတိပဋ္ဌာန်တရားတော်များကို လက်တွေဟောကြားပြသ၍ ပရိယတ္တိနှင့် ပဋိပတ္တိ သာသနာ့ တာဝန်နှစ်ရပ်ကို ထမ်းဆောင်းတော်မူလျှက်ရှိသည်။
စာသင်တိုက်နှင့်ကမ္မဋ္ဌာန်းတိုက်မျ
၁။ မြင်းခြံခရိုင်၊ ကတောရွာ၊ ဒက္ခိဏာရာမကျောင်းတိုက်။ ၁၂၉၈-ခု(မြန်မာနှစ်) ၁၉၃၆-ခု(ခရစ်နှစ်)
၂။ စစ်ကိုင်းတောင်ရိုး၊ ကျစွာချောင်၊ မဟာဝိဇရံသီစာသင်တိုက်။ ၁၃၂၉-ခု(မြန်မာနှစ်)၁၉၆၇-ခု (ခရစ်နှစ်)
၃။ စစ်ကိုင်းတောင်ရိုး၊ ကျစွာချောင်၊ မဟာအတုလရံသီဓမ္မရိပ်သာ။ ၁၃၃၄-ခု (မြန်မာနှစ်)၊ ၁၉၇၂ ခု (ခရစ်နှစ်)
၎။ စစ်ကိုင်းတောင်ရိုး သီရိပဗ္ဗတချောင်။ ၁၃၃၁ ခု (မြန်မာနှစ်) ၁၉၆၉ ခု (ခရစ်နှစ်)
၅။ စစ်ကိုင်းတောင်ရိုး၊ ဓမ္မသုခချောင်၊ ၁၃၅၆ ခု၊(မြန်မာနှစ်)၁၉၉၄ ခု (ခရစ်နှစ်)
၆။ ရန်ကုန်မြို့၊သီရိလက္ခဏာရာမ ဒဂုံသာသနာ့ရိပ်သာ။၁၃၆၄ ခု (မြန်မာနှစ်) ၂၀၀၂ ခု (ခရစ်နှစ်)
၇။ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့ ကန်ဦးတောရကျောင်းတိုက်။ သီရိလက္ခဏာရာမ လွိုင်လင် ပရိယတ္တိဓမ္မရိပ်သာ ၁၃၆၆ ခု (မြန်မာနှစ်)၂၀၀၄ ခု(ခရစ်နှစ်)
မြန်မာပြည်တွင်တရားစခန်းများ
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် တို့ ၌ တရားစခန်းဌာန(၂၀)ကျော်တို့ကို ဖွင့်လှစ်၍ ၁၃၅၁ ခု(မြန်မာနှစ်) ၁၃၈၉ ခု (ခရစ်နှစ်)မှ စ၍ ယနေ့တိုင်အောင် သတိပဋ္ဌာန်တရားတော်များကို လက်တွေ့ဟောကြား ပြသလျှက်ရှိသည်။
နိုင်ငံခြားတရားစခန်းများ
၁၃၄၈ ခု (မြန်မာနှစ်) ၁၉၈၆ ခု(ခရစ်နှစ်)မှ စ၍ ယနေ့အထိ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ နီပေါနိုင်ငံတို့ ၌ လည်းကောင်း၊ သြစတြေးလျနိုင်ငံ(ဘရစ်စဘိန်း၊ ဆစ်ဒနီ၊ ကင်ဘာရာ၊ မဲလ်ဘုမ်း၊ ပါသ်) မြို့များ ၌ လည်းကောင်း၊ အမေရိကန်နိုင်ငံ(ဟာဝိုင်အီ၊ကာလီ






